မုံရွာ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်နေ ပြည်သူအင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ရှိ သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံဝှေ့ရမ်းကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန်သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ် စဉ်(၁) အမှတ်စဉ်(၂) သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား သယံဇာတရေးရာဝန်ကြီးဌာနမှ ဧည့်ခံကျွေးမွေးသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)