အင်္ဂပူမြို့၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ကွင်းအမှတ် (၁၈၇၉)၊ ဦးပိုင်အမှတ် (၃၂/၅)၊ တောင်သူ ဦးကျော်လွင်၏ လယ်ယာမြေ၌ မိုးစပါးဆင်းသုခ စံပြကွက်အား ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ မေတ္တာတော်စံအိမ် မိဘမဲ့ဂေဟာ (၃) ထပ်အဆောက်အဦအသစ် ဆောက်လုပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်၊ မေတ္တာတော်စံအိမ် မိဘမဲ့ဂေဟာ (၃) ထပ်အဆောက်အဦအသစ် လွှဲပြောင်းလှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်သည်။

အမျိုးသားအားကစားပွဲတော်ကြီးတွင် နေပြည်တော်ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ တပ်ကုန်းမြို့နယ်အတွင်း လာရောက်အောင်ပွဲခံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီး၌ နေပြည်တော် ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် လှည့်လည်အောင်ပွဲခံလျက်ရှိရာ ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ အောင်ပွဲခံခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တပ်ကုန်းမြို့သို့ လာရောက်၍ အောင်ပွဲခံလျက်ရှိသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်း‌ဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများအနေဖြင့် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရ ကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေကုသခြင်းနှင့် ကျောင်းတွင်းအဟာရကျွေးမွေးခြင်းဆိုင်ရာလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည့်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ကျန်းမာရေးမှူး ဒေါက်တာခင်မာလွင်၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်ခင်သက်နိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဌာနရုံး၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ပါသည်။

ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်ရန်၊ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်မှတစ်ဆင့် ကျန်းမာရေးအဆင့် မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သော ကြက်ဥများဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့ မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်ထုတ်ယူသည့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သောကြက်ဥများ ဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေး‌ခဲ့ကြောင်းသိရသည်။
Subscribe to