ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဌာနရုံး၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၂၄

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး၊ ပညာရေးဌာနကိုယ်စားပြု အမှတ်ပေးဒိုင်လူကြီး ဆရာမကြီးမှ ပြိုင်ပွဲစည်းမျဉ်းများအကြောင်းကို ပြောကြားခဲ့ပါသည်။ ပြိုင်ပွဲတွင် ကျောင်းသား/သူ စုစုပေါင်း (၁၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဗီနိုင်းများနှင့် စာအုပ်‌စာစောင်များကို ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ မိဘများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)