တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေး၌ မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အမှတ်(၁၀)ရပ်ကွက် ပဒေသာစျေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား ယမန်နေ့က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ် သတင်းစာဆရာအသင်း မြို့နယ်စုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်သတင်းစာဆရာအသင်း မြို့နယ်စုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်အတွက် လစဉ် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် (အခမဲ့) သင်ကြားပေးလျက်ရှိသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သောပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရန်နှင့် ကျေးလက်နေ ပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေး ပင်တလည် ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် (အခမဲ့) သင်ကြားပေးခဲ့ရှိသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါသင်တန်းဖွင့်လှစ်ခဲ့သော (ယာယီ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်တတိယမြောက်အရောင်းစင်တာ တောင်ငူမြို့၌ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာဖွင့်လှစ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖြူးမြို့နယ်၊ ဇဟားအလယ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ ဒုတိယအကြိမ်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇဟားကျေးရွာအုပ်စု၊ ဇဟားအလယ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေဒုတိယအကြိမ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများချီးမြှင့်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြက်ဥများကို  ယမန်နေ့နံနက်ပိုင်းက  အ‌ဆိုပါဘဏ်ရှေ့တွင် ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်သည်။
Subscribe to