အင်္ဂပူမြို့၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေး

အင်္ဂပူ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟက အဖွင့်အမှာစကား ပြောကြားခဲ့သည်။  ထို့‌နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီက ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ရည်ရွယ်ချက်နှင့်‌ ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမဒေါ်ချိုချိုခိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးပပစိုးရီနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ထက်၊ လယ်၊ မူကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)