ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများဦးရေ၏ (၂၅%) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်ဥ ၁၀ လုံးနှုန်း ချီးမြှင့်ပေးအပ်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကြက်ဥများပေးအပ်ခြင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကသားခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ (၁၅၇၀) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ဒီဇင်ဘာလ (၂၂) ရက်နေ့ထိ မြေပဲသီးနှံ (၁၅၇၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုစစ်ထမ်း သင်တန်းအမှတ်စဉ် (၈/၂၀၂၄ ) သင်တန်းဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈/၂၀၂၄) ဖွင့်ပွဲ ပြုလုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ပြီးသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၈) ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်းနှင့် ခရစ္စမတ်အကြို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်း အခမ်းအနားတက်ရောက်

စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို  ယမန်နေ့နံနက် ၉ နာရီက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ‌လေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(တပ်တွင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့​သည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်‌တင်ရေးစာပေဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးစာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိဘောလုံးအားကစားကွင်း၌  ကျင်းပပြုလုပ်သည်။
Subscribe to