ကမာရွတ်မြို့နယ်တွင် မြို့နယ်သံဃနာယကရွေးချယ်ပွဲအခမ်းအနားကျင်းပ

ကမာရွတ် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်သံဃနာယကရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အမှတ်(၂)ရပ်ကွက်ရှိ သီရိမင်္ဂလာပျော်ဘွယ်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ရွေးချယ်မှုကြီးကြပ်ရေးသံဃာအဖွဲ့အစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ တက်ေရာက်လာသောဆရာတော်များမှ ဆန္ဒမဲပေးခဲ့ကြရာသည့် ရာခိုင်နှုန်း ပြည့်ရရှိသည့်အတွက် အစည်းအဝေးထမြောက်အောင်မြင်ပါကြောင်း သဘာပတိဆရာတော်ကကြေညာပြီး ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်ကဩဝါဒကထာမြွတ်ကြားခဲ့သည်။
ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး အခမ်းအနားမှူးဆရာ‌တော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို‌ ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်များက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် ရွေးချယ်ခြင်းများကို သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီးသဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ရွတ်ဆို၍ အတည်ပြုခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ နိဂုံးချုပ်ဩဝါဒစကားမြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)