ကလော ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်အကြောင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးအလုပ်သမားအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် ကမ္ဘာ့ရွေ့လျားစာကြည့်တိုက်သမိုင်း အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုမခံရအောင် ရှောင်ရှားရမည့်အချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)