ပေါင်းတည်၌ စက်မှုလယ်ယာဦးစီးဌာနက တောင်သူများ ကောက်စိုက်စက် မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး သရုပ်ပြသ

ပေါင်းတည် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၅ ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်နှင့်ကျေးရွာအုပ်စုစိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအကြီးအကဲများ၊ တောင်သူများတက်ရောက်ကြည့်ရှုအားပေးကြသည်။

ထိုသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက   ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်များနှင့် တောင်သူများ၏အကျိုးစီးပွားနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး  ခြောက်တန်းသွားကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်နှင့် ၁၀ တန်းသွား မျိုးစေ့ချစက်တို့ဖြင့် နွေစပါးစိုက်ပျိုးခြင်းကိုလက်တွေ့စိုက်ပျိုးပြသကြရာ တက်ရောက်ကြည့်ရှုလေ့လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဆွေးနွေး ဖြေကြားခဲ့​ကြောင်းသိရသည်။

ရွှေသား(IPRD )