(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းသစ်အား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်ကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (DRD) ရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်းခင်းကျင်းပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူအားလုံးကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး