မော်လမြိုင် ဖေဖော်ဝါရီ ၁၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ပြိး ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများက ဂေါက်သီးရိုက် အားကစားနည်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တန်းလိုက်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအားလည်းကောင်း၊ ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)