မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာစာင်များပြသ

မိုင်းဖြတ် ဖေ​ဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​(၇၈)နှစ်​မြောက် ပြည်ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ​ယနေ့နံနက် ၁၀ နာရီက အလယ်တန်း​ကျောင်း(ပါဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီး နန်းစံလှိုင်းရှဲန်တစ်က အမှာစကား ​ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ဦးစီးအရာရှိ ​ဒေါ်အေးဝင်းခိုင်က သမိုင်းဝင် မြန်မာ့​နေ့ထူး​နေ့မြတ်များအ​ကြောင်း သိ​ကောင်းစရာများ၊ ပြည်ထောင်စု​နေ့ဖြစ်​ပေါ်လာပုံသမိုင်းအကြောင်းနှင့် ပြည်​ထောင်စုစိတ်ဓာတ်ထွန်းကား​ရေးနှင့် ပြည်​ထောင်စုကြီးကို တည်​ဆောက်ကာကွယ်​ရေး ​ခေါင်းစဉ်ဖြင့် ရှင်းလင်း​ဟော​ပြောခဲ့သည်။

ယင်း​နောက် ​ကျောင်းသား၊ ​ကျောင်းသူများကို ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များကို ဖြန့်​ဝေ​ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ နံရံကပ်စာ​စောင်များကို ​​ကျောင်းသား၊ ​ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)