မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် ဒုလဝကမှူး ဦးမျိုးထက်အောင် ဦးစီးသောအဖွဲ့မှ ရေဘုတ်ကျေးရွာ အုပ်စုကိုလည်းကောင်း၊ လဝကမှူး ဒေါ်ခင်လှဦးစီးသောအဖွဲ့မှ နတ်ရေကန်အုပ်စုကိုလည်းကောင်း၊ ဒုလဝကမှူး ဒေါ်သော်တာလွင်ဦးစီးအဖွဲ့မှ ကြည့်မြင်တိုင်ကျေးရွာအုပ်စုကိုလည်းကောင်း၊ လဝကမှူး ဒေါ်သင်းသင်းကြူဦးစီးအဖွဲ့မှ စားတော်ကျေးရွာကိုလည်းကောင်း၊ လဝကမှူး ဦးသက်ဇော်ဦးစီးအဖွဲ့မှ တပ်ကြီးကျေးရွာအုပ်စုကိုလည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။