ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကွန်ဟိန်း ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးခြင်းသည်အင်အား တိုင်းပြည်အကျိုးစီးပွား၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်၊ ပြည်ထောင်စုကိုကာကွယ်စို့၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ တိုင်းပြည်သာယာဝပြောဖို့ ငြိမ်းချမ်းရေးကိုတည်ဆောက်စို့၊ တို့ ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်စွမ်းအား ပြည့်ခွန်အား၊ ပေါင်းစည်းချစ်ကြည်လက်တွဲညီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)