ကန့်ဘလူ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကိုယ်စား ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဝင်းငြိမ်းက လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ တတ်မြောက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် တက်ရောက်လိုသူများရှိပါက အသိပေးပြောကြားပေးကြရန်ကိုလည်းကောင်း၊ သင်တန်းနည်းပြ ဦးမျိုးကိုကိုအောင်က ကွန်ပျူတာပညာရပ်များသည် လူတိုင်းတတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးသည်များကို ဆက်လက်လေ့ကျင့်စေလိုကြောင်းနှင့် နားမလည်သည်များရှိပါက လာရောက်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်လတာတွင် Microsoft Word ၊Excel ၊ Power point စသည်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)