ကသာ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ မြေစိုက်ပိုစတာဆိုင်းဘုတ်အား ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၃) ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် ကသာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)