ကန့်ဘလူ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများအား အလွယ်တကူဝယ်ယူနိုင်ရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆီလုပ်ငန်းရှင်းအသင်းတို့ပူးပေါင်းပြီး စားအုန်းဆီများဝယ်ယူရာတွင် အလွယ်တကူ ဝယ်ယူနိုင်ရေးတို့အတွက် စနစ်တကျစီစဥ်ဆောင်ရွက်ကာ ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သား ကျပ် ၄၂၅၀ နှုန်းဖြင့် စားအုန်းဆီပိဿာ ၅၉၀ ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)