မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်‌ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေး

ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အ.လ.က သဖန်းပင်ဆိပ်ကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့ နံနက်ပိုင်းက အ.လ.က သဖန်းပင်ဆိပ် ကျောင်း၌ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်၌ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ချောင်းကြီးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း‌ရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို ယမန်နေ့ နံနက်ပိုင်း အဆိုပါသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မအူပင်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း ( VDP ) ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဝါးတောကျေးရွာ အုပ်စု၊ ထနီဒေါင့်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် သဲကုန်းကလေးကျေးရွာအုပ်စု၊ မှော်အိုင်ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ခု နှစ်၊ မတ်လအတွင်း စာမေးပွဲများ ကျင်းပဖြေဆိုတော့မည်ဖြစ်၍ ဖြေဆိုမည့်နေရာများတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကတက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to