လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်သာယာ (အရှေ့ပိုင်း)၊ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း‌ရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို ယမန်နေ့ နံနက်ပိုင်း အဆိုပါသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

သင်တန်းတွင် လုပ်ငန်းခွင်သုံးဘွိုင်လာများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး၊ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရား ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း‌ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ၀င်များအတွက် သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို ၁၀-၂-၂၀၂၅ မှ ၁၅-၂-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ အလုပ်သမား၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ စက်မှု၀န်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်မှ နည်းပညာများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် သင်တန်းသား၊ သင်တန်းသူ (၈၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)