မအူပင်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း ( VDP ) ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဝါးတောကျေးရွာ အုပ်စု၊ ထနီဒေါင့်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကွန်ကရစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ ဦးတိုးတိုးဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ဇော်ထွန်းနှင့် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝါးတောကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက်ကွန်ကရစ်လမ်းသစ်အား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တက်ရောက်လာသူများက လှည့်လည်ကြည့်ရှူ့စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းအား ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၅.၀၀) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃.၀၀) သန်း စုစုပေါင်းငွေကျပ်(၁၈.၀) သန်းဖြင့် လမ်းအရှည် (၈၄၅)ပေ၊ အကျယ် (၇) ပေ၊ ထု (၇) လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ (၃၇၀)၊ အိမ်ထောင်စု (၃၇၀)၊ လူဦးရေ (၁၆၁၄) တို့၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာ‌ရေး၊ ကျန်းမာ‌‌ရေးအစရှိသည့်လူမှု့စီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လမ်းပန်းဆက်သွယ်‌ရေးပိုမိုလွယ်ကူ အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)