ညောင်တုန်းမြို့နယ်၌ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်

ညောင်တုန်း  ဖေဖော်ဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ချောင်းကြီးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်၊ အဖွဲ့ဝင် (၂) ဦးဇော်လွင်၊ ခရိုင်နှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက မိုးဦးကာလများဖြစ်သည့် ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်ရည်ရွယ်၍ လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရေး အိုးအိမ်များပြင်ဆင်မွမ်းမံနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိများအား ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များက လေပြင်းဘေးအတွက် အိုးအိမ်များ ကြိုတင်ပြင်ဆင်မွမ်းမံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)