ရွှေဘိုတက္ကသိုလ်၌ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

​ရွှေဘို ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ​ရွှေဘို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုး၊ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာတင်တင်ရီတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 ထို့​နောက် မြန်မာစာဌာနမှ ပါ​မောက္ခ (ဌာနမှူး)​ ဒေါက်တာချိုချိုသန်းက "ပြည်​ထောင်စု​နေ့နှင့်အမျိုးသား​ရေးဇာတိမာန်" သမိုင်းဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစန်းစန်းဝင်းက "ပြည်ထောင်စုနေ့တို့မ​မေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ရာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများအား မေဂျာ​ပေါင်းစုံမှ​ ကျောင်းသား/သူ​လေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေကြရာ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးကဂုဏ်ပြုဆု​ငွေကျပ် (၅၀၀၀၀၀/) ငါးသိန်း ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)​