ငွေဆောင် ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ခု နှစ်၊ မတ်လအတွင်း စာမေးပွဲများ ကျင်းပဖြေဆိုတော့မည်ဖြစ်၍ ဖြေဆိုမည့်နေရာများတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကတက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အေထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် တပ်ကြပ်ကျော်သူရထွေး၊ မြို့လျှပ်စစ်ဌာနနှင့် သက်ဆိုင်ရာ ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့များမှ ငွေဆောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများဖြစ်သော အ.ထ.က (ငွေဆောင်) ၊ အ.မ .က (ဇီးမော်)၊ အ.ထ.က (ခွဲ) သဇင် ၊ အ.မ.က (၂၀၁) ကျောက်ကြီး စာသင်ကျောင်းများ၌ ကျောင်းတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းကာ ကျောင်းများ မီးသုံးစွဲမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးချိတ်မီးကပ်နှင့် မီးသတ်ဆေးဘူးထားရှိမှု ရှိ/မရှိနှင့် လျှပ်စစ်မီတာပုံးများ တပ်ဆင်ထားမှုတို့အား စစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
R – 014 (ငွေဆောင်)