မော်လိုက် ဖေဖော်ဝါရီလ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုးလှမင်းက သင်တန်းသူများကို ကုန်ချောပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသား / သင်တန်းသူများ ထုတ်လုပ်ထားသော ဆပ်ပြာဆီများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုထက် (ပြန်/ဆက်)