မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မိုးနဲ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်‌ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် ပြည်ထောင်စုကိုကာကွယ်စို့ ကဗျာ၊ ကာတွန်းများဖြင့်‌ စိတ်ဝင်စားဖွယ် ဝေဝေဆာဆာ ဖော်ပြထားရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)