ဟိုပုံး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ချစ်ကြည်ရေးဘောလုံးပွဲ၌ ဒေသအဆင့်ဌာနဆိုင်ရာအသင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အသင်းတို့ယှဉ်ပြိုင်ကြရာ ဒေသအဆင့်ဌာနဆိုင်ရာအသင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)