စစ်တွေ ဖေဖော်ဝါရီ ၁၃
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းနှင့် ဦးဥတ္တမခန်းမတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နံနက် ၇ နာရီတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ တပ်မတော်စစ်ကြောင်းတို့က စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်ကြောင်း ချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအား အလေးပြုကြ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြို့မိ၊ မြို့ဖများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမခန်းမ၌ကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့်ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်လို ကြောင်း၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲများအား ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိစေရေး၊ အားကစားကို စိတ်ဝင်စားသည့် ကျန်းမာကြံ့ခိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေးနှင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကို ရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ စာစီစာကုံးပြိုင်ပွဲကိုလည်း လူငယ်များအနေဖြင့် ပြည်ထောင်စု၏အနှစ်သာရကို သိရှိနားလည်ပြီး စည်းလုံးညီညွတ်မှုကို တန်ဖိုးထားတတ်စေရး၊ မှန်ကန်ကောင်းမွန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရေး၊ ပြည်ထောင်စု ကြီးအဓွန့်ရှည်တည်တံ့အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအနေဖြင့် နောင်နှစ်များတွင်လည်း ထူးချွန်ဆုများရရှိအောင် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများအတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအလွတ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးအငယ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အသင်းနှင့် ဆုရအားကစားသမားများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများစုပေါင်း ထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တပို့တွဲလထမနဲထိုးပွဲ ဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲသည် ရာသီစာဖြစ်၍ ယခုကဲ့သို့ပြုလုပ်၍ ရရှိလာသောထမနဲများကို တပို့တွဲလပြည့်နေ့တွင် မြန်မာတို့၏ ထုံးတမ်းစဉ် လာအတိုင်း မြတ်စွာဘုရားအား ဦးဦးဖျားဖျား ကပ်လှူပူဇော်ကြရန်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြရန်၊ ဘိုးဘွားဆရာသမားများနှင့် အိမ်နီးနားချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများအား လှူဒါန်းဝေငှကျွေးမွေးကြရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်း ထမနဲထိုးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လမ်းဦးစီးဌာနရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်း ထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းထမနဲထိုးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များတွင် တပို့တွဲလ၌ ထမနဲထိုးပွဲကို အစိုးရဌာနများ၊ ရပ်ကွက်များ၊ ကျေးရွာများနှင့် နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြပြီး ထမနဲထိုးရာတွင် ပါဝင်ကြသူများသည် အသင်းအဖွဲ့၏စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးထား၍ စည်လုံးညီညွတ်မှုကို ပေါ်လွင်စေသော ပွဲတော်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)