နေပြည်တော် ဖေဖော်ဝါရီ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်း တွင် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် ကွင်းအမှတ် ၁၄၁၆ နှင့် ၁၄၁၇ ကွင်းတို့တွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာနမှ မြေအောက်ရေ စက်ရေတွင်းများတွင် ဆိုလာဖြင့် စိုက်ပျိုးရေပေးဝေရန်နိုင်ရေး လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက် နေကြာသီးနှံစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကင်မွန်းတန်းကျေးရွာရှိ ဦးမောင်ဝင်း၏ရွှေစွန်မင်း ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက် ကွင်းအမှတ် ၁၄၁၆ နှင့် ၁၄၁၇ ကွင်းတို့တွင် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြေအောက်ရေစက်ရေတွင်းများတွင် ဆိုလာဖြင့် စိုက်ပျိုးရေပေးဝေရန်နိုင် ရေး လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် စိုက်ပျိုးရေပေးဝေမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးသီးနှံများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများ ထွက်ရှိရေး၊ စိုက်ပျိုးဧကများစွာ အသုံးပြုနိုင်ရေးကို တွက်ချက်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အလားတူ အခြားကွင်းများတွင် လေ့လာပြီး နွေသီးနှံများ စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာ ကွင်းအမှတ် ၁၄၁၁ တွင် ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက် ရေဆင်းစပ်မျိုး(၁) နေကြာသီးနှံ စိုက်ခင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက မြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် ဆောင်းသီးပြန်လည်စိုက်ပျိုးထားမှု အခြေ အနေများ၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် အခြေအနေများ၊ စိုက်ပျိုးရေပေးဝေမည့် အခြေအနေများ၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းထွက်ရှိရေး၊ သဘာဝမြေဩဇာအသုံးပြုရေး၊ စိုက်ပျိုးရေများကို အလေအလွင့်မရှိစေရေး၊ ရေကြီးနစ်မြုပ်ခဲ့သည့် မြေအောက်ရေတွင်များပြန်လည် အသုံးပြုနိုင်ရေးတို့ကို စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေကြာစိုက်ခင်များတွင် ဝတ်မှုံကူးနိုင်ရန်အတွက် ပျားမွေးမြူရေးပုံးများချထားပေးရေးကို အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး တောင်သူများ၏လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက် ရေဆင်းစပ်မျိုး(၁) နေကြာသီးနှံ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကင်မွန်းတန်းကျေးရွာရှိ ဦးမောင်ဝင်း၏ ရွှေစွန်မင်း ပဲခွဲစက်နှင့် ဆီစက်သို့ရောက်ရှိပြီး ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းများလုံလောက်စွာရရှိရေး၊ ဒေသတွင်း ဆီဖူလုံရေးအတွက် စက်စွမ်းအား ပြည့်လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)