ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောသရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက တော်ဝင်ဒင်္ဂါး ကုမ္ပဏီလီမိတက် ဒင်္ဂါးမုန့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးလုံခြုံရေးအကြောင်း၊ မီးသတ်ဆေးဗူးများ အကြောင်း၊ မီးလောင်မှုအတန်းအစားများ၊ စက်ရုံအလုပ်ရုံရှိ ဝန်ထမ်းများ သိသင့်သိထိုက်သည့် မီးဘေးအန္တရာယ်များအကြောင်း၊ လျှပ်စစ်မီးအန္တရာယ်နှင့် မီးသတ်ဆေးဘူးထားရှိရမည့် နေရာများ၊ အစရှိသည်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဒင်္ဂါးမုန့်တိုက်ရှိ ဝန်ထမ်းများအား ဆီမီး၊ ဂတ်(စ်)မီး မီးငြှိမ်းသတ်နည်းများကို ပြသပေးခဲ့ပြီး၊ လက်တွေ့ပါဝင်မီးငြှိမ်းသတ်ခဲ့ကြသည်။ စုစုပေါင်း စက်ရုံ ဝန်ထမ်း ၁၄၀ ဦး တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)