တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်းတို့က သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ထားဝယ်မြို့၊ လေယာဉ်ကွင်းနှင့် အဝေးပြေးကားဝင်း(၅၀ပေ)အကျယ် မီးတားလမ်းဆောင်ရွက်မည့်နေရာတွင် သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများနှင့် ဒေသခံပြည်သူများတို့က လေယာဉ်ကွင်းနှင့် အဝေးပြေးကားဝင်း(၅၀ပေ)အကျယ် နေရာတွင် သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ်အောင်မျိုးထွန်းတို့က လှည့်လည်၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက လေယာဉ်ကွင်းနှင့် အဝေးပြေးကားဝင်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ ဘူဒိုဇာဖြင့် ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်ကြီးအား လက်ကိုင်လွှစက်ဖြင့် ဖြတ်တောက်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း၊ ထွက်ရှိလာသောသစ်ပင် သစ်ကိုင်းအမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)