နတ်မောက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး

နတ်မောက်   ဖေဖော်ဝါရီ ၁၆

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် စစ်ဆေးခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး ထိုသို့စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်လျှပ်စစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါတာဝန်ရှိသူများအဖွဲ့သည် စာသင်ကျောင်းများ၌ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့်ချိတ်ဆွဲထားရှိရေး၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေကန်များတွင် ရေများအရန်သင့်ဖြည့်တင်းထားရှိရေး၊ အမှိုက်များ ရှင်းလင်းထားရှိရေးတို့ကို အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအတွင်း/အပြင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း