ပုသိမ်ကြီးမြို့နယ်တွင် ရွာသစ်လယ်ယာနှင့်အထွေထွေသမဝါယမ အသင်းသားများ၏ နွေစပါးစိုက်ပျိုးရန် လျာထားမှုနှင့်ရေရရှိမှု အခြေနေများကွင်းဆင်းကြည့်ရှု

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ရွာသစ်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းသို့ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများသည် အသင်းသားများ၏နွေစပါးစိုက်ပျိုးမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွာသစ်လယ်ယာနှင့်အထွေထွေသမဝါယမအသင်း၊ အသင်းအမှုဆောင်များဖြင့် တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးရန် လျာထားဧကများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ရေရရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကြသည်။ ကွင်းဆင်းကြည့်ရှုရာသို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး နှင့် တာဝန်ရှိသူများ၊ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)