ဒဂုံ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ကျောက် တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင်၊ Grade-1 ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် အာဟာရကျွေးမွေးခြင်းသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံကျောင်းများရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများကို လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး၊ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ထမင်း၊ ကြက်ဥသီးစုံဟင်း၊ ပဲဟင်းချို၊ အာဟာရစုံလင်စွာနှင့် သန့်ရှင်းမှုရှိစေရန် ကျောင်းတွင်ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခြင်းဖြစ်ကြောင်း အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား၊ ကျောင်းသူမိဘများ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)