သံဖြူဇရပ် ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဝဲကလိမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) စစ်ဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်၊ နည်းပြအရာရှိချုပ်၊ အုပ်ချုပ်မှုဌာနမှ ဌာနမှူး (အမျိုးသားစစ်မှုထမ်းစစ်အခြေခံ သင်တန်းဌာန)၊ သင်တန်းမှူးများ၊ နည်းပြအရာရှိ/ စစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်းပြောကြား၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်းနှင့် သင်တန်းကာလကို ရက်သတ္တပတ် (၁၀) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)