မြို့သစ် ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ တပ်ကုန်း(မ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်တွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်ပေါ်လာစေရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော"မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)