ကျောင်းကုန်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ မိနစ် အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ အားကစားပစ္စည်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားရီက လက်ခံရယူခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရလူငယ်နှင့်စည်းကမ်းကဏ္ဍအား Grade 10 မှ မောင်လင်းမြတ်သက်ကျော် ကလည်းကောင်း လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade 10 မှ မောင်စိုးဝေဖြိုးကလည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade 10 မှ မဟေမန်ကိုကိုကလည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအား Grade 10 မှ မချမ်းအိအိငြိမ်း ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညို ကဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေကာ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)