သာယာဝတီ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်အတွက် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပတ်ဝန်းကျင်၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အရေးကြီးမှုကိုလည်းကောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသမီးများအနေဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှု၊ အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ရာသီဥတုပြောင်းလဲမှုများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင် လက်စွဲစာစောင်များအား (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)