လွိုင်လင် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအများစုတွင် ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချိန်တွင် ဂျင်းများ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ကွတ်ချိုးကျေးရွာနေ စိုက်ပျိုးတောင်သူ ဦးအိုက်ကျော်က ပြောကြားခဲ့သည်။
လွိုင်လင်မြို့နယ်တွင် ယခင်က ဂျင်းပင်အား စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ မိသားစု အပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ယခုနှစ်ဂျင်း တစ်ပိဿာလျှင် (၈၀၀)ကျပ်နှုံးတာရရှိကြောင်းနှင့် ဂျင်းများအား စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တောင်သူများထံမှ သိရသည်။
ယခုနှစ်တွင် ဂျင်းပင်များကို လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာ၊ ပန်ဝိုးကျေးရွာနှင့် တောင်နောက်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဂျင်း ၈၀ ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
အယ်မင်း(လွိုင်လင်)