ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရေစကြို ဖေဖော်ဝါရီ ၂၀

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁)ရှိ မြတမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသောင်းဝင်းက ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက Grade-9 ၊ Grade-10 ၊ Grade-11 ၊ Grade-12 ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ညီညီအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ(၂၀၀)ဦး တက်ရောက်ခဲ့သည်။

ဝေဇင်မို့(ရေစကြို)