ဟိုပုံး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ဇင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်ကျော်နောင်နှင့် တာဝန်ရှိသူများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ဆုံးစာမေးပွဲဖြေဆိုမည့် စာဖြေခန်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများ အလွယ်တကူ ဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မီးဘေးလုံခြုံရေးအတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံဆရာမကြီးကို ပြုပြင်ရန်လိုအပ်သည်များအား အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)