ကျိုင်းတုံမြို့၌ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့တွင်က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချလေ့ကျင့်ပေးသည့်သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးပြုရန် အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။

သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)