ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲ စတင်‌ဖြေဆို

ခန္တီး ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှစ၍ အတန်းတင်စာမေးပွဲကို အခြေခံပညာကျောင်းပေါင်း (၉၁)ကျောင်း ဖြေဆိုလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများက အတန်းတင်စာမေးပွဲကိုလည်းကောင်း၊ Grade12 များက အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစာမေးပွဲကိုလည်းကောင်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အစိုးရစစ်အတန်းဖြစ်သည့် Grade 5 နှင့် Grade 9 များက အတန်းတင်စာမေးပွဲကို မတ်လ (၃)ရက်နေ့မှ (၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် Grade 12 များက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)