ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက် နိုင်ရန်မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

အိမ်မဲ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု အိမ်မဲ-ကျောင်းကုန်းကားလမ်းဘေးရှိ ဝိုင်းဝိုင်းစက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝေယံစိုးက မီးသတ်ဆေးဘူးအသုံးပြုပုံ ကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြု၍ဆီမီးငြှိမ်းသတ် နည်းတို့ကိုသရုပ်ပြ ဆောင်ရွက်ခဲ့သည်။

“ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ကျွန်တော်တို့မီးသတ်ဦးစီးဌာနအနေနဲ့ မြို့နယ် အတွင်းမှာ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတို့ စစ်ဆေးတာတို့ဆောင်ရွက် လျက်ရှိပါတယ်။ မီးဘေးအန္တရာယ်ကြုံလာရင်လည်း တုံ့ပြန်ဆောင်ရွက်နိုင်ရန် စက်သုံးဆီ အရောင်းဆိုင်ဖြစ်တဲ့ ဝိုင်းဝိုင်းဆိုင်မှာ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား စစ်ဆေးခြင်း၊ အကြံပြုခြင်း၊  မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုခြင်းများကို သရုပ်ပြဆောင်ရွက်တာ ဖြစ်ကြောင်း” မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝေယံစိုး ပြောကြားချက်အရ သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)