အိမ်မဲ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တကောကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မြို့နယ် သမဝါယမအသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်း စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
အဆိုပါနေကြာ (၅)ဧက စံပြစိုက်ခင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကစတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်မင်းသိန်း၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမ အသင်းသားများတို့ကနေကြာစိုက်ခင်းအား ဝတ်မှုန်ကူးခြင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)