မြန်အောင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ် စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန် ပုံငွေမှထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြန်အောင်မြို့၊ ကနောင်မြို့၊ အင်ပင်မြို့ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၃၁၃)ဦး အတွက်ငွေကျပ် (၆၂၆၀၀၀၀/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(မြန်အောင်)