စဉ့်ကူးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာ၀င်းခိုင်၊ မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။

ဆီဆိုင်မြို့တွင် အပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကာလတွင် အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ရုံးတွင်း၌ ပြသဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေသနေပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သတိပြုဆင်ခြင်နိုင်ကြစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်၌ ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပါသည်။

မိုင်းယောင်းမြို့၌ အသက်အကြီးဆုံး အဘွားအား ပူဇော်ကန်တော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က အသက်အကြီးဆုံး ၁၀၅ နှစ်အဘွားအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက်ပူဇော်ကန်တော့ခဲ့သည်။

မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Couse)ဖွင့်

အခြေခံပညာအစဖြစ်သည့်မူလတန်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာကို ကောင်းမွန်စွာသိရှိနားလည်ပြီး အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်တို့တွင် ပြန်လည်အသုံးချနိုင်စေရန် မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း (Main Couse)ဖွင့်ပွဲကို ဧပြီလ ၂၀ ရက်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မိုင်းခုတ်မြို့၌ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က အမှတ် (၅၈၀) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တောင်ကြီးမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ပေါ်ရှိ အေကေ၊ ချမ်းပြည့်၊ ချမ်းသာနှင့် မြရတနာစားအုန်းဆီ လက်လီလက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများ အပြည့်အဝရောင်းချပေးမှု ရှိ/မရှိ၊ ပြည်သူများအား စျေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်းကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။ 
Subscribe to