မိုင်းယောင်းမြို့၌ အသက်အကြီးဆုံး အဘွားအား ပူဇော်ကန်တော့

မိုင်းယောင်း ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က အသက်အကြီးဆုံး ၁၀၅ နှစ်အဘွားအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက်ပူဇော်ကန်တော့ခဲ့သည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အမှတ်(၄)ရပ်ကွက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ပြီး ဆေးနှင့်သစ်သီးဝလံများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက်၌ မိုင်းယောင်းမြို့နယ်တွင် အသက်အကြီးဆုံး ၁၀၅ နှစ်အဘွားနှင့် အမှတ်(၆)ရပ်ကွက်၌ အသက် ၈၈ နှစ်အဘွားတို့အား သွားရောက်ပူဇော်ကန်တော့ကြပြီး ကျန်းမာရေးစရိတ်ငွေများကို အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မြို့နယ် Clean and Green လုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း