ဆီဆိုင်မြို့တွင် အပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသပေး

ဆီဆိုင် ဧပြီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကာလတွင် အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ရုံးတွင်း၌ ပြသဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ပြသပေးရာတွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ၊ စာဖတ်ပရိသတ်များအား နွေရာသီကာလ၌ အပူဒဏ်ကာကွယ်နိုင်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြည်ရမည့်အချက်များ၊ အပူဒဏ်လက္ခဏာများ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပေါ်ပါကဆောင်ရွက်ရမည့်အချက်များ၊ အသိပေးနှိုးဆော်ချက်များ၊ ဆောင်ပုဒ်များနှင့်မှတ်တမ်းဓာတ်ပုံများစသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)