တောင်ကြီးမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဧပြီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တောင်ကြီးမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ပေါ်ရှိ အေကေ၊ ချမ်းပြည့်၊ ချမ်းသာနှင့် မြရတနာစားအုန်းဆီ လက်လီလက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများ အပြည့်အဝရောင်းချပေးမှု ရှိ/မရှိ၊ ပြည်သူများအား စျေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ခွဲတမ်းရစားအုန်းဆီများရောင်းချသည့် လက်လီဆိုင်ကြီးများအနေဖြင့် သတ်မှတ်သည့်စျေးနှုန်းဖြင့် အိမ်ထောင်စုအလိုက် စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်းနှင့် နေ့စဉ်ရောင်းချသည့် စျေးနှုန်းများကိုလည်း ဗီနိုင်းများဖြင့် စနစ်တကျ ချိတ်ဆွဲရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)