တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

တောင်ငူ ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ် အခြေခံကွန်ပျူတာသင်တန်းကို တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဦးလူမင်းဟန် (ပညာရေးဌာန)မှ သင်ကြားပေးမည့် အခြေခံကွန်ပျူတာဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းအား ဖွင့်လှစ်သည်။

အဆိုပါသင်တန်းများကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား အခြေခံကွန်ပျူတာဘာသာရပ်များကို နေ့စဉ် နံနက်(၁၀)နာရီမှ (၁၂) နာရီအထိ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)